နေပြည်တော် ၂ ဇန်နဝါရီ
အရက်မူးပြီး ဓားဖြင့်ခုတ်သောကြောင့် ဇနီးဖြစ်သူနှင့်အတူ ၂ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးမှု ဇလွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁ ရက် နံနက် ၆ နာရီ ၅ မိနစ်က ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးရပ်ကွက်၊ ကြာအင်းကျေးရွာနေ ခင်ကြိုင် (၃၁)နှစ်သည် နေအိမ်၌ အရက်ကြောင်ကြောင်ပြီး ဇနီးဖြစ်သူ မ××××(၃၃)နှစ်နှင့် သမီးဖြစ်သူ (၂)နှစ်တို့အား ဓားဖြင့်ခုတ်ခဲ့ရာ နှစ်ဦးစလုံး သေဆုံးသွားသောကြောင့် ခင်ကြိုင်အား ဇလွန်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း ရဲပြန်ကြား၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN