ပေါင် ၁၁ ဇူလိုင် 


သထုံခရိုင်၊ ပေါင်မြို့၊ ဆယ်အိမ်စုချောင်းအတွင်း ဇူလိုင် ၁၁ ရက်နေ့ မနက် ၇ နာရီက လူသေအလောင်း တစ်လောင်းပေါ်ခဲ့သည်ဟု ပေါင်မြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က အစ်ကိုဝမ်းကွဲတော်စပ်သူ ဦးနိုင်ထွန်း ၃၆ နှစ်၊ (ဘ)ဦးခင်မောင် ထွက်ဆိုပြောပြချက်အရ သေဆုံးသူ ဆာမိ၊ အသက် ၃၅ နှစ်၊ (ဘ)ဦးမရန်းသီး၊ တမီလ်လူမျိုးမှာ အရက်သေစာသောက်စား မူးယစ်ကာအပြင်ထွက်သွားခဲ့ပြီး တစ်ညလုံးပြန်လည် ရောက်ရှိလာခြင်းမရှိကြောင်း မနက်မိုးလင်းမှ ပေါင်မြို့ပေါင်းရပ်ကွက် ဆယ်အိမ်စုချောင်းအတွင်း သေဆုံးနေကြောင်း သိရကာ ရာအိမ်မှူးဦးစံထွန်းမှ ရဲစခန်းသို့အကြောင်းကြား တိုင်ကြားခဲ့သည်။ သို့ဖြစ်၍ ပေါင်မြို့မရဲစခန်းမှ သေဆုံးသူအား ပေါင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


ဇင်မျိုးသူ