အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ဟိုပုံး ၁ မတ်        


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာ၊ နမ့်ဟုတ်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံ သင်တန်းဆင်းပွဲ အခမ်းအနားကို ဟိုပုံးမြို့နယ် မီးသတ်တပ်ဖွဲ့ရုံး၌ မတ် ၁ ရက် နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။

 

1


ဦးစွာ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က အမှာစကား ပြောကြားပြီး၊ မြို့နယ်မီးသတ် တပ်ဖွဲ့မှူး ဦးစောမောင်က သင်တန်းတွင် သင်ကြားပို့ချခဲ့သည်များကို သုံးသပ်ဆွေးနွေးတင်ပြပြီး၊ သင်တန်းတွင် ဆုရရှိသည့် သင်တန်းသားများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစောမောင်နှင့် မြို့နယ် စည်ပင်အရာရှိ ဦးသိန်းစိုးဦးတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။


ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မီးငြိမ်းသတ်ရေးဆိုင်ရာ ပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများတို့ကို မီးသတ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများတို့က လိုက်လံရှင်းလင်းပြသရာ သင်တန်းသားများမှ စိတ်ဝင်တစားကြည့်ရှု မှတ်သားခဲ့ကြသည်။


အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းတွင် မီးငြိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ မီးသတ်ကားဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်း၊ ရေစိုလေ့ကျင့်ခြင်း၊ မီးငြိမ်းသတ်ခြင်းဆိုင်ရာများနှင့် ရှာဖွေ ကယ်ဆယ်ရေးဆိုင်ရာများကို စာတွေ့လက်တွေ့ဖြင့် သင်တန်းနည်းပြများတို့က ပို့ချခဲ့ပြီး သင်တန်းကာလမှာ (၁)လ ကြာမြှင့်ခဲ့ကြောင်း သိရသည်။


ခွန်အာကာ