အောင်လံ ၆ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ဇန်ဝါရီ(၆)ရက် နံနက်(၉)နာရီက မြို့နယ်မီးသတ် ဦးစီးဌာနခန်းမတွင် ဖွင့်လှစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးထက်ဇော်မင်းနှင့် သင်တန်းသား အရန်မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းဖွင့်အမှာစကားပြောကြား၍ မြို့နယ် မီးသတ်ဦးစီးဌာနမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ တာဝန် ရှိသူများမှ သင်တန်းသားများအား မီးသတ်တူညီဝတ်စုံများပေးအပ်သည်။သင်တန်းသို့ မြို့နယ်အတွင်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅၀ ခန့်တက်ရောက်ခဲ့ကြပီး သင်တန်းကို ဇန်နဝါရီလကုန်ပိုင်းအထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
သိန်းလွင်(အောင်လံ)