တပ်ကုန်း  ၃၀  ဒီဇင်ဘာ

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် ညနေ ၅ နာရီခွဲက နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက သင်တန်းကာလအတွင်း သင်ကြားပေးသည့် အတတ်ပညာ များကို ပြည်သူများအတွက် ယုံကြည်အားကိုးရသော မီးသတ်ဖွဲ့ဝင်များအဖြစ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက် ပေးကြရန် ပြောကြားသည်။

 

‌ေ

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား များအား ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ၅ဝ ဦးတက်ရောက်ကာ ရှာဖွေကယ်ဆယ်ရေးပညာရပ်၊ ကုသရေးပညာရပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်းတို့ကို ဒီဇင်ဘာ ၂ ရက်မှ ၂၇ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)