နေပြည်တော် စက်တင်ဘာ ၁၉
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် ယနေ့တွင် ရန်ကုန် မြို့ရှိ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်းသို့ လာရောက်စစ်ဆေးစဉ် နိုင်ငံ့ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည် ချက်များနှင့်အညီ ပြည်သူတစ်ဦး ချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ရည်မှန်းချက်ထားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတစ်ဝန်းလုံးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် ယင်းကိုအထောက်အကူပြုနိုင်ရန်အတွက် ပြည်သူများ ပညာရည် မြင့်မားရေးကို မဟာဗျူဟာ စီမံကိန်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအတွက် အလုပ်အကိုင်နှင့် အခွင့် အလမ်းများ ကောင်းစွာဖန်တီး ပေးနိုင်မည့် အရည်အသွေးပြည့်မီသော နည်းပညာရှင်၊ သက်မွေးပညာရှင်များကို ပြည်သူ့လိုအပ်ချက်အတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ် များကို စနစ်တကျ မွေးထုတ်ပေးရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြား ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဟိုတယ်နှင့်ခရီး သွား သင်တန်းဌာနများရှိ Rest-aurant Operations သင်တန်းမှ ကျောင်းသား ကျောင်းသူများ၏ Training Restaurant အခန်းတွင် လက်တွေ့ စာမေးပွဲစစ်ဆေးနေမှု ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး Job Sheet တို့အား ပြင်ပလုပ်ငန်းခွင် နှင့် အမြဲထပ်တူဖြစ်စေရန် မှာကြားပြီးနောက် House-keeping Operations သင်တန်းရှိ Training Guest Room ၌ လက်တွေ့စာမေးပွဲ ဆောင်ရွက် နေမှု(အပေါ်ပုံ)၊ Front Office Training Lab ရှိ Reception Counter ၌ လက်တွေ့စာမေးပွဲ စစ်ဆေးနေမှု၊ အင်ဂျင်နီယာ သင်တန်းဌာနရှိ သင်တန်းများတွင် သင်ကြား သင်ယူနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ Rest Area တွင် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ အဓိကစွမ်းအားစုများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားကြောင်း သိရသည်။
သတင်းစဉ်