မန္တလေး ၁၂ သြဂုတ်
အရည်အသွေးပြည့်ဝတဲ့ ရေသန့်ထုတ်လုပ်နိုင်ရန်အတွက် Approaches to Purified Drinking Water Treatment သင်တန်းကို ယနေ့မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကို မန္တလေးတိုင်းဒေသကြီး ရေသန့်လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပညာရှင်များမှ လာရောက်ပြီးသင်တန်း ပို့ချမည်ဖြစ်ကြောင်း သိရသည်။
‘ပြည်တွင်း ၊ ပြည်ပ ပညာရှင်တွေဖိတ်ခေါ်ပြီး ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ရန်ကုန်ကကျွမ်းကျင်ပညာရှင်တွေက Purified Drinking Water ပေါ်ပေါက်လာတဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို အခုမှစလုပ်မယ့် လုပ်ငန်းရှင်တွေ၊ လုပ်ကိုင်နေစဲ လုပ်ငန်းရှင်တွေအတွက် အများကြီးအထောက်အကူပြုမှာပါ’ဟု မန္တလေးတိုင်းဒေသကြီး ရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးသန်းကပြောသည်။
မန္တလေးတိုင်းတွင် ရေသန့်လုပ်ငန်းလုပ်ကိုင်သူ ၂၀ဝ ခန့်ရှိပြီး အဆိုပါသင်တန်းတွင် မန္တလေးတိုင်းဒေသကြီး ရေသန့်လုပ်ငန်းရှင်များအသင်းဝင်များ၊ ပြင်ပလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိမို့မို့ခိုင်


