၁၀ စက်တင်ဘာ

အရပ်ပုသူတွေဟာ ဆီးချိုရောဂါ type 2 ဖြစ်နိုင်ချေများတယ်လို့ အင်္ဂါနေ့က ထုတ်ဝေတဲ့ ဆေးပညာဂျာနယ် Diabetologia မှာ ရေးသားထားပါတယ်။ အရပ်ရှည်သူတွေကတော့ ကင်ဆာရောဂါပိုဖြစ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။ 

သုတေသနအတွက် ဂျာမနီနိုင်ငံမှာ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း အသက်၄၀ ကနေ ၆၅ နှစ် အရွယ် အမျိုးသမီး ၁၆,၆၀ဝ ဦး နဲ့ အမျိုးသား ၁၁,ဝ၀ဝ ဦး လေ့လာရာတွင် အမြင့် ၁၀ စင်တီမီတာ (၃ လက်မ) ကွာခြားတိုင်း အမျိုးသားတွေမှာ ဆီးချိုဖြစ်နိုင်ချေ ၄၁ ရာခိုင်နှုန်း ဖြစ်ပြီး အမျိုးသမီးတွေမှာ ၃၃ ရာခိုင်နှုန်း ဖြစ်နိုင်ချေ ရှိကြောင်း သိရပါတယ်။ 

အရပ်ပုသူတွေရဲ့ အသည်းမှာ အဆီပါဝင်နှုန်း ပိုများနိုင်တဲ့အတွက် နှလုံးရောဂါ၊ လေဖြန်းခြင်း နဲ့ ဆီးချိုဖြစ်နိုင်ချေ  ပိုနိုင်ကြောင်း ဒါပေမယ့် တစ်ယောက်ခြင်းစီမှာ မတူညီ နိုင်တာကိုလည်း တွေ့ရပါတယ်လို့ သုတေသနထုတ်ပြန်ချက်ရေးသားသူတွေက ခန့်မှန်းထားပါတယ်။ 

ဆီးချိုရောဂါရှင်တိုင်းရဲ့သွေးထဲမှာ အစားအစာကနေရရှိတဲ့ ဂလူးကို့စ် သို့မဟုတ် သကြားဓါတ်များခြင်း ကို တွေ့ရမှာ ဖြစ်ပါတယ်။ 

ကမ္ဘာမှာ လက်ရှိစာရင်းဇယားအရ ဆီးချိုရောဂါရှင် ၄၂၀ သန်းရှိနေရာ ကနေ ၂၀၄၅ ခုနှစ်မှာ ၆၂၉ သန်းအထိ တိုးမြှင့်လာနိုင်ကြောင်း နိုင်ငံတကာ ဆီးချိုဖယ်ဒရေးရှင်းက ခန့်မှန်းထားပါတယ်။ 

ဆီးချို type 1 ရောဂါရှင်များကတော့ ငယ်စဉ်ကလေးဘဝကတည်းက ခန္ဓာကိုယ်ကနေ သကြားဓါတ်ကို ထိန်းညှိပေးနိုင်တဲ့ အင်ဆင်လင် မလုပ်ထုတ်ပေးနိုင်တဲ့ အတွက်ဖြစ်ပါတယ်။ 
ဆီးချိုရောဂါ type 2 ရောဂါရှင်များကတော့ သွေးထဲမှာ အင်ဆင်လင် အလုံအလောက်မလုပ်နိုင်တာမျိုး ဖြစ်တဲ့အတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းက အင်ဆူလင်ဖြစ်စေအောင် ကူညီနိုင်တာမျိုးကို တွေ့ရပါတယ်။ 

MDN
ကိုးကား - AFP