ရန်ကုန် ၄ ဇွန်
အသွားအလာ ကန့်သတ်ခြင်းအစီအစဉ် တွင်ပါဝင်သူများနှင့် စေတနာ့ဝန်ထမ်းများအတွက် National University of Singapore Myanmar Society (NUSMM) က ပြန်လည်လျှော်ဖွပ်အသုံးပြု နိုင်သော Mask (၁၀,၀၀၀) ကို အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့သို့ လှူဒါန်းရန် အတွက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးသို့ လာရောက်ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်က လက်ခံရယူပြီး ကျေးဇူးတင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အဆိုပါလှူဒါန်းသည့် Mask များသည် ရောဂါပိုး ကာကွယ်နိုင်ရန်အတွက် စီမံချုပ်လုပ်ထားပြီး ပြန်လည်လျှော်ဖွပ် အသုံးပြုနိုင်ကြောင်းနှင့် အမျိုးသား အဆင့်စေတနာ့ဝန်ထမ်းဦးဆောင် အဖွဲ့အစီအစဉ်ဖြင့် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


