ဂန့်ဂေါ ၁၂ အောက်တိုဘာ
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဂန့်ဂေါမြို့ စက်မှုလက်မှုသိပ္ပံတွင် အသွားအလာ ကန့်သတ်သည့် နေရာအဖြစ် သတ်မှတ်ထားရှိရာ သတ်မှတ်ထားရှိသူများထဲမှ ရန်ကုန်မြို့မှ ပြန်ရောက် လာသူတစ်ဦးမှာ Positive တွေ့ရှိသဖြင့် ထမင်းချက်ပြုတ်ကျွေးမွေးရေးအဖွဲ့မှ ငါးဦးတို့သည်လည်း ရောဂါကူးစက်ခြင်းမရှိစေရန် Quarantine ဝင်ရကြောင်း သိရသည်။
အဆိုပါ ချက်ပြုတ်ကျွေးမွေးကြသူ ငါးဦးမှာ ဂန့်ဂေါမြို့၏ လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု လူငယ်အဖွဲ့ဝင်များဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် ယင်းတို့၏ မိသားစုဝင်များနေထိုင်ရာ ပြစ်မကျေးရွာ နေအိမ်များ အရောက် စုစုပေါင်း ဆန် ၅ အိတ်၊ ဆီ ၅ ပိဿာ၊ ဆား ၅ ပိဿာ၊ ငပိ ၅ ပိဿာ တို့ကို ယမန်နေ့က သွားရောက်ထောက်ပံ့ကြကြောင်း သိရသည်။
ထို့ပြင် အသွားအလာ ကန့်သတ်နယ်မြေတွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများ ၈ ဦး အတွက်လည်း တစ်ဦးလျှင် ငွေကျပ် တစ်သောင်းစီ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ကျော်သန်းဆွေ


