နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၉) ရက်နေ့

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

 

• ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၂) ဦးတွေ့ရှိခဲ့ပြီး၊ ၎င်းတို့အနက် (၃) ဦးသေဆုံးခဲ့ပါသည်။

• အဆိုပါ (၂၂) ဦး အနက်အချို့သည် သံသယရောဂါလက္ခဏာများရှိသော်လည်း အချို့ တွင် ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိခဲ့ဘဲ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့ သဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ၌ COVID-19 ရောဂါဗိုင်းရပ်စ်ပိုးရှိမှုကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။

• ထို့အပြင် ရောဂါဖြစ်ပွားကူးစက်မှုများပြားရာနိုင်ငံမှ ပြန်လာခဲ့ပြီး အသွားအလာ ကန့်သတ်မှုခံရသူတွင် ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိသော်လည်း ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၌ COVID-19 ရောဂါပိုးရှိကြောင်းတွေ့ရှိခဲ့ခြင်းလည်း ရှိပါသည်။

• ထို့အတွက် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံရသူများ၏ ရာခိုင်နှုန်းအချို့တွင် ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိသော်လည်း ရောဂါပိုးရှိနေနိုင်ပြီး အခြားသူများထံသို့ ကူးစက်ဖြစ်ပွားစေနိုင်ပါသဖြင့် မိမိတို့အနေဖြင့် အထူးသတိထားရမည် ဖြစ်ပါသည်။

• သို့ဖြစ်ပါ၍ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံရသူများ အနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

• အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရာနေရာ (quarantine site) များကို ကြီးကြပ် ဆောင်ရွက်သူများ အနေဖြင့်လည်း အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံရသူများ စည်းကမ်းလိုက်နာမှုရှိစေရေး သေချာစွာကြီးကြပ် ဆောင်ရွက် ပေးရမည် ဖြစ်ပါသည်။

• လာမည့် (၂) ပတ်မှ (၄) ပတ်တာကာလခန့်၌ မိမိတို့နိုင်ငံအတွင်း COVID-19 မည်မျှ ဖြစ်ပွားကူးစက်လာမည်ဆိုသည့် အတိုင်းအတာ၊ ပမာဏသည် အသွားအလာကန့်သတ် ကာ သတ်မှတ်နေရာများ၌ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများနှင့် စပ်လျဉ်း၍မည်မျှအထိ ထိရောက်စွာ စီမံခန့်ခွဲနိုင်သည်ဆိုသည့် အချက်အပေါ် အဓိက မူတည်နေပါသည်။

• သို့ဖြစ်ပါ၍ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရာနေရာ (quarantine site) များ၌ လက်ကိုင်အသံချဲ့စက်ငယ်များအသုံးပြု၍ ကျန်းမာရေးအသိပညာပေးခြင်းကို အကြိမ်ရေတိုးမြှင့်၍ မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

• ဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားသူများအားလုံးကို စောစီးစွာသိရှိဖော်ထုတ်၊ ကုသမှု ပေးနိုင်ရန်အတွက် သံသယ/ စောင့်ကြည့်လူနာများ၊ ရောဂါရှိသူနှင့် ထိတွေ့သူများအားလုံး ကို ပထမဦးစားပေး၍ ဓာတ်ခွဲစစ်ဆေးသွားမည် ဖြစ်ပါသည်။

• ထို့အပြင် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံရသူများအတွင်း ရောဂါ၏ အတိမ်အနက်၊ ရောဂါလက္ခဏာတစ်စုံတစ်ရာမပြသပဲ ရောဂါပိုးရှိသူများ၏ အရေအတွက်ကို ယေဘုယျအားဖြင့် သိရှိနိုင်ရန်အတွက် ရာခိုင်နှုန်းအချိုးအစားတစ်ခု အား သုတေသန (implementation research) ပုံစံဖြင့် ဓာတ်ခွဲစစ်ဆေးမှုများ တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

• COVID-19 ကပ်ရောဂါကို အောင်မြင်စွာကျော်လွှားနိုင်ရန်အတွက် ယခုလာမည့် (၄) ပတ် တာကာလအတွင်း ပြည်သူများက ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန