၂၂  ဧပြီ

ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်သူ ဒန်နီဒိုင်ယာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အသွားအလာကန့် သတ်ထားတဲ့ကာလအတွင်း နိုင်ငံတစ်ဝန်းမှ ကလေးငယ်တွေကို အွန်လိုင်းက နေတစ်ဆင့် ပညာသင်ကြားပေးမှုမှာ ပါဝင်မှာဖြစ်ပြီး သူဟာ သမိုင်းသင်ခန်းစာကို သင်ကြားပေးမှာဖြစ်ကြောင်း ဟာပါဘဇာဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

ဒန်နီဒိုင်ယာဟာ ဟင်နရီ VIII အကြောင်းကို အသက်ငါးနှစ်မှ ခုနစ်နှစ်အတွင်းရှိတဲ့ ကလေးငယ်တွေကို သင်ကြားပေးမှာဖြစ်ပြီး သူ့ရဲ့သင်ကြားမှုကို တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်ကြောင်း ဘီဘီစီက ပြောကြားခဲ့ပါတယ်။

အခြားသော နာမည်ကျော် ကြယ်ပွင့်တွေလည်း အွန်လိုင်းကနေ ပညာသင်ကြားပေးမှုမှာ ပါဝင်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။ ဘောလုံးကြယ်ပွင့်အဂူရိုဟာ ကလေးငယ်တွေကို စပိန်ဘာသာစကားနဲ့ပတ်သက်ပြီး သင်ကြားပေးသွားမှာပါ။ ဒါ့အပြင် သရုပ်ဆောင် အက်ဒ်ဘောစ်ကတော့ အသက် ၁၁ နှစ်မှ ၁၄ နှစ်အရွယ် ကလေးငယ်တွေကို သင်္ချာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဆာဒေးဗစ် အဒမ်ဘိုရက်ဖ်က ပထဝီဝင်နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ သင်ကြားပေးမှာဖြစ်ပြီး ကမ္ဘာ့မြေပုံနဲ့ သမုဒ္ဒရာကြီးအကြောင်းတွေ သင်ကြားပေးသွားမှာပါ။ ပါမောက္ခ ကောက်ဇ်ကတော့ ရူပဗေဒပညာရပ် တွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ဆွဲအားနဲ့ နေအဖွဲ့အစည်းအကြောင်းတွေ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အွန်လိုင်းကနေ ပညာသင်ကြား မှုမှာ ဆရာ ၂၀၀ ကျော်ပါဝင်သွား မှာပါ။ ဒါ့အပြင် ကျော်ကြားတဲ့ ကြယ်ပွင့်တွေကလည်း ဒီအစီအစဉ်မှာ ပါဝင်ကူညီထားပြီး တေးသံရှင်လီယမ် ပိန်းနဲ့ အခြားသော ရုပ်သံတင်ဆက်သူ တွေလည်းပါဝင်ထားကြောင်း သိရပါ တယ်။

အေးပြည့်