နယူးဒေလီ  ၂၄   ဧပြီ

ကမ္ဘာမှာ လေထုညစ်ညမ်းမှု အရှိဆုံးနေရာလို့ သတ်မှတ်ခံထားရတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး မပျံ့နှံ့အောင် ထိန်းချုပ်တဲ့အနေနဲ့ အသွားအလာပိတ်ဆို့ထားတဲ့အတွက် မြို့ခံတွေဟာ အပြာရောင်ကောင်းကင်နဲ့ လေကောင်းလေသန့်ကို တွေ့ရှိခံစားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

မတ် ၂၄ ရက်နေ့ကတည်း တစ်နိုင်ငံလုံးကို အသွားအလာပိတ်ဆို့ထားပြီး စက်ရုံများ ဆောက်လုပ်ရေး လုပ်ငန်းတွေပါ ခေတ္တရပ်ဆိုင်းထားပါတယ်။

 

နယူးဒေလီမြို့ခံ အမီတာ ရိုင် ချောင်ဒရီက အခုလိုမျိုး လေကောင်းကောင်းသန့် ရှူရှိုက်ရတာမျိုး ဘယ်တုန်းကမှ မခံစားဖူးကြောင်း၊ ခံစားချက်က ပြောမပြနိုင်အောင် ကောင်းတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀) (၃၀) က ပုံစံမျိုးပေါ့။ ဒါပေမယ့် အဲဒီလေကောင်း၊လေသန့်ကို ခံစားဖို့ အိမ့်အပြင်မထွက်နိုင်တာကတော့ ဝမ်းနည်းစရာပါလို့ ပြောပါတယ်။

 

အလားတူ ပန်ဂျပ်ပြည်နယ်မှာ နေထိုင်သူတွေကလည်း ဟိမဝန္တာ တောင်ထိပ်ပါ မြင်ရတဲ့ ပုံတွေကို ဆိုရှယ်မီဒီယာမှာ တင်ထားတာကို တွေ့ရပါတယ်။ ဟိမဝန္တာ တောင်တန်းကြီးဟာ မီးခိုးမြူတွေနဲ့ လေထုညစ်ညမ်းမှုကြောင့် မြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပါတယ်။

 

ဂင်္ဂါမြစ်ရေဟာလည်း ပြန်လည်ကြည်လင်လာတာကို ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် တစ်နိုင်ငံကိုလည်း အသွားအလာပိတ်ဆို့မှုကြားမှ ပြန်တွေ့ရတာဖြစ်ပါတယ်။

MDN
ကိုးကား - AFP