နေပြည်တော် မတ် ၁၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့ထံမှ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိများက ဩဝါဒခံယူခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ပြုလုပ်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိ (၁၀) ဦးက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြသည်။
    
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ဌာနချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ များတွင် အသစ်ခန့်အပ် တာဝန်ပေး အပ်ခံရသည့် ဦးစီးအရာရှိများသည် မိမိဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်မည့် ဒေသများမှ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ခံ များ၏ ညွှန်ကြားချက်များကို လိုက်နာအကောင်အထည်ဖော် ဖြည့်ဆည်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် တိုင်းရင်းသား ပြည်သူလူထုနှင့် ပေါင်းကူးဆောင်ရွက်ပေးရသော ဌာနဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ ဂုဏ်သိက္ခာကို မညှိုးနွမ်းအောင် နေထိုင်ကြရ မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို သိရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးတစ်ရပ်လုံးအတွက် နိုင်ငံအကျိုးပြု စည်းရုံးရေးမှူးကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဦးစီးရာထူး  အဆင့်နှင့်လျော်ညီစွာ တာဝန်ထမ်းဆောင်ကြရန်၊ ဦးစီးအရာရှိများအနေဖြင့် မိမိအထက် အရာရှိမှ ပေးအပ်လာသော လုပ်ငန်းတာဝန်ဝတ္တရားများကိုဖြစ်စေ၊ နိုင်ငံတော်၏ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပေးအပ်လာသော လုပ်ငန်းတာဝန်များကိုဖြစ်စေ၊ မိမိအထက် အကြီးအကဲ၏  ကွပ်ကဲမှုအနည်းဆုံးဖြင့် အချိန်နှင့်တပြေးညီ အချိန်မီပြီးစီး အောင်တာဝန်ကို ထမ်းဆောင်၊ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေထိုင် ကြရန်မှာကြားလိုပါကြောင်း၊ မိမိဌာန၊ ဒေသအတွင်းရှိ တိုင်းရင်းသား ပြည်သူများနှင့် နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် သာယာဝပြောတိုးတက်ရေးအတွက် ရှေ့ရှုပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် လုပ်ငန်းတာဝန်များကို ထမ်းဆောင်သွားနိုင်ကြရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဩဝါဒအမှာစကားပြောကြားသည်။ ယင်းနောက် အသစ်ခန့်အပ် တာဝန်ပေးအပ်ခံရသည့် ဦးစီးအရာရှိများမှ မိမိတို့၏ လိုအပ်ချက်များ ကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်