နေပြည်တော် ၁၃ သြဂုတ်

မိုင်းအန္တရာယ် အသိပညာပေးမြှင့်တင်ရေး အစီအစဉ်ဆွေးနွေးပွဲကို  ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည်။ 

 

0143

 

ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသော National Mine Risk Education Working Group နှင့် Asean Regional Mine Aaction (ARMAC) မှ Executive Director Mr. Ly Panharith နှင့် အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြသည်။  

ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က Asean Regional Mine Aaction (ARMAC)နှင့် ပူးပေါင်းကာ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည့်အကြောင်း အရာများနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

ထို့နောက် Asean Regional Mine Aaction (ARMAC) မှ Executive Director နှင့်အဖွဲ့က Asean ဒေသတွင်းရှိ မိုင်းအန္တရာယ်နှင့် ကြုံတွေ့နေရသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ ပေါင်းစပ်လုပ်ဆောင်နိုင်ရန် မိုင်းအန္တရာယ်ကြုံတွေ့နေရသည့် ဒေသများတွင် သေကြေဒဏ်ရာရရှိမှု၊ မသန်စွမ်းဖြစ်မှု လျော့ကျစေရန်၊ ထိုဒေသရှိ ပြည်သူများ၏ လူမှု/စီးပွားဘဝ ဆိုးကျိုးများ လျော့ကျစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

Asean Regional Mine Aaction (ARMAC) ကို ၂၀၁၂ ခုနှစ် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်အရ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ၌ Asean Regional Mine Aaction (ARMAC) ၏ ဦးဆောင်ကော်မတီ ဖွဲ့စည်းခဲ့ရာ မြန်မာနိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်းကော်မတီဝင်(၂)ဦးအဖြစ် ပုံမှန်အစည်းအဝေးများ တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။ 

သတင်းစဉ်