ASEAN TOURISM AWARD 2018 ချီးမြှင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ ဆုများရရှိ

နေပြည်တော် ၃၁ ဇန်နဝါရီ

 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Shangri-La Hotel တွင် ဇန်နဝါရီ ၂၁ ရက်မှ (၂၇) ရက်အထိ ကျင်းပခဲ့သည့် (၂၁) ကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၊ (၁၇) ကြိမ်မြောက် အာဆီယံ+၃ ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၊ (၆) ကြိမ်မြောက် အာဆီယံ+ အိန္ဒိယ ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးများသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

ထို့အပြင် ၂၀၁၈ ခုနှစ်အတွက် ASEAN Tourism Award 2018 ချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ရာ  မြန်မာနိုင်ငံမှ ASEAN Green Hotel Award ဆုအတွက် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ ကော့သောင်းနှင့် ကလောမြို့တို့မှ ဟိုတယ်များကလည်းကောင်း၊ ASEAN Clean Tourist City Awrad ဆု အတွက် ပြင်ဦးလွင်၊ ကလောနှင့် ပုဂံမြို့တို့ကလည်းကောင်း၊ ASEAN Sustainable Tourism Award အတွက် ဘားအံနှင့် ပင်းတယ ခရီးစဉ်ဒေသတို့က လည်းကောင်း၊ ASEAN MICE Venue Award အတွက် နေပြည်တော်မှ Hilton ဟိုတယ်၊ Hotel Max၊  ရန်ကုန်မှ နိုဗိုတယ်ဟိုတယ်၊ Melia Hotel တို့က ဆုများ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။

 

 

၂၀၁၈ - အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် နှင့်အတူ အာဆီယံ ခရီးသွားပြပွဲ -၂၀၁၈ ကို Chiang Mai Exhibition and Convention Centre တွင် တစ်ဆက်တည်း ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ကိုယ်စားပြု ခရီးသွားပြခန်းများ ဖွင့်လှစ်ပြသခဲ့ပြီး မြန်မာနိုင်ငံ အမှတ်တရ ပစ္စည်းဖြန့်ဖြူး ရောင်းချသူများ အသင်းမှလည်း နိုင်ငံကိုယ်စားပြု ဒေသထွက် ကုန်ပစ္စည်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် လက်မှုပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

 

MDN