နေပြည်တော် ၂၇ ဒီဇင်ဘာ
လုပ်ငန်းလိုင်စင်ရရှိထားသည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် အာမခံလုပ်ငန်း အဖွဲ့အစည်းများအား နိုင်ငံများအကြား အပြန်အလှန်အကဲဖြတ်ခြင်း အစီရင်ခံစာ National Risk Assessment (NRA) ရလဒ်နှင့် ဆက်သွယ်ဆောင်ရွက်မှုအပေါ် အလေးထား စိစစ်ခြင်းများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံများအကြား အပြန်အလှန် အကဲဖြတ်ခြင်း အစီရင်ခံစာ National Risk Assessment (NRA) ရလဒ် အကြောင်းအရာများနှင့် ဆက်သွယ်ဆောင်ရွက်မှုအပေါ် အလေးထား စိစစ်ခြင်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် နေပြည်တော် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးဝင်းက လုပ်ငန်းလိုင်စင်ရရှိထားသည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအာမခံလုပ်ငန်း(ရုံးခွဲ)များ အနေဖြင့် ဌာနနှင့်ဆက်သွယ် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း