ရန်ကုန်၊ ၂၉ ဒီဇင်ဘာ
ကုန်သည်/စက်မှုအသင်းချုပ်ရှိ မြန်မာ့ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေးဗဟိုဌာန(MPC)၏ ဒုတိယအကြိမ်မြောက် အခမဲ့ Online Seminar ကို အသေးစားနှင့် အလတ်စားစက်ရုံ အလုပ်ရုံလုပ်ငန်းများအတွက် ရည်ရွယ်၍ “Business Continuity Planning for SME Factories” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပရာ စိတ်ပါဝင်စားသူ ၁၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Seminar တွင် Kaizen Consultant ဖြစ်သူ ဒေါ်ငွေညွန့်ရှင်က ရောင်းအားပိုမိုတိုးတက်စေရန်၊ ဘဏ္ဍာရေးနှင့် ငွေကြေးစီးဆင်းမှုကို တိုးတက်စေရန်၊ လုပ်သားအင်အားကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ရန်နှင့် ကုန်ကြမ်းတင်သွင်းသည့်အဆင့်မှ ဝယ်ယူသူထံရောက်ရှိသည့်အဆင့်အထိ Value Stream တစ်လျှောက် လုပ်ငန်းစဉ်ရေးဆွဲခြင်းတို့အား မျှဝေပေးခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့သည်။
“COVID-19 Business Continuity Planning for SME Factories” သည် Score(ILO)မှ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများအတွက် အထူးရေးဆွဲထားသော သင်တန်းဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့် (ပြန်/ဆက်)


