ဟားခါး ၂၄  စက်တင်ဘာ 

 

ချင်းပြည်နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးနှင့် ဒေသထွက်ကုန်များ တိုးဖိုးမြှင့်ရောင်းချနိုင်ရေး ရည်ရွယ်လျက် ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဉီးစီ:ဌာနနှင့် မန္တလေးအခြေစိုက် Blooming Training Centre တို့ပူးပေါင်း၍ ဝဉ ၊ ထောပတ် ၊ စပျစ် ၊ ကော်ဖီတန်ဖိုးမြှင့်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အစီအစဉ်အရ ရှေးဉီးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်က သင်တန်းဖွင့်အမှာစကားပြောကြားပြီးနောက် ချင်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးရာကျုံးက ချင်းပြည်နယ်အတွင်း MSME ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ် ချက်များနှင့် သင်တန်းတက်ရောက်ခြင်း ဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

 

၈

 

ထို့နောက် Blooming Training Centre မှသင်တန်းဆရာမ  Daw Ruth Seng Pan က သင်တန်းပို့ချ မည့်နည်းပညာဘာသာရပ်များ ၊ ကုန်ချောထုတ်လုပ်နည်းအဆင့်ဆင့်နှင့် အသီးအနှံများကတဆင့် လူသုံးကုန် ပစ္စည်းအမျိုးမျိုး ၊ စားသောက်ကုန်အမျိုးမျိုးတို့ကို သင်တန်းသား၊သင်တန်းသူများအား နားလည်စွာသင်ယူလေ့ လာနိုင်ရေး ၊ သင်ကြားမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ ချင်းပြည်နယ်အတွင်းမြို့နယ်ပေါင်း (၉) မြို့နယ်မှ သင်တန်းသား၊သင်တန်းသူ ၄၇ ဉီး ထိတက်ရောက်ပြီးသင်တန်းကာလမှာ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃)ကြာသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ထုတ်ပေးပြီး မြို့နယ်အသီးသီး တွင် ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချနိုင်ရေး ၊ လုပ်ငန်းခွင်အတွင်း ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်နိုင်ရေး အတွက် နည်းပညာပံ့ပိုးမှုငွေကြေးအရင်းအနှီးများထုတ်ချေးပေးနိုင်ရေးတို့ကိုလည်း ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးထံမှ သိရှိရသည်။

 


မြင့်နိုင်စိုး(ထီးလှိုင်မြေ)