မန္တလေး ၁၀ နိုဝင်ဘာ
Ashro Myanmar Limited ဆေးဝါးကုမ္ပဏီက မန္တလေးတိုင်းအတွင်း ကျန်းမာရေးထောက်ပံ့မှုအတွက် ငွေကျပ်သိန်း ၁၀ဝ တန်ဖိုးရှိသည့် ဆေးဝါးများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံသို့ လှူဒါန်းပေးအပ်ခဲ့သည်။
နိုဝင်ဘာလ ၉ ရက်က မန္တလေးမြို့ Helton Hotel တွင်ပြုလုပ်သည့် Ashro Myanmar Limited ကုမ္ပဏီ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်းအနားတွင် ယခုလို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
‘ကုမ္ပဏီကို ၁၉၉၄ ခုနှစ်ကစတင်ဆောင်ရွက်ခဲ့တာပါ။ အခုဆို ၂၅ နှစ် ပြည့်ခဲ့ပါပြီ။ ၂၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ ကုမ္ပဏီရဲ့ Logo အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဆေးဝါးလိုအပ်နေတဲ့ ပြည်သူတွေအတွက် ငွေကျပ် သိန်း ၁၀ဝ ဆေးဝါးတွေကို လှူဒါန်းပေး ခဲ့ပါတယ်’ဟု Ashro Myanmar Limited ၏ ဥက္ကဋ္ဌ ဦးအရှော့ကူးမားက ပြောသည်။
Ashro Myanmar Limited ၏ ၂၅ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ပြီး နိုင်ငံကျော် အဆိုတော် ဖြူဖြူကျော်သိန်းက ဧည့်ခံဖျော်ဖြေခဲ့သည်။
ဝိုင်


