၁။    အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထား ဆောင်ရွက်လျက်ရှိပါသည်။
၂။    ရေကြောင်း/လေကြောင်းမှတစ်ဆင့် တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းများအား မဟာသင်္ကြန် ရုံးပိတ်ရက်ကာလဖြစ်သော (၉-၄-၂၀၂၂)၊ (၁၁-၄-၂၀၂၂) နှင့် (၁၂-၄-၂၀၂၂) ရက်နေ့တို့တွင် Overtime ခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် အရေးပေါ် ကိုဗစ်ဆေးနှင့် ကုန်ပစ္စည်းများ ထုတ်ယူနိုင်ရေးအတွက် ကြိုတင်လျှောက်ထားပါက ရုံးချုပ်တွင် အသင့်စုဖွဲ့ထားသောအဖွဲ့ဖြင့် သင်္ကြန် အကြိုနေ့ (၁၃-၄-၂၀၂၂) ရက်နေ့မှ  သင်္ကြန်အကြတ်နေ့  (၁၅-၄-၂၀၂၂)ရက်နေ့အထိ  ကုန်ပစ္စည်းရှင်းလင်း ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ 
၃။    အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုသည့် ကုမ္ပဏီများအနေဖြင့် ရှင်းလင်းထုတ်ယူလိုသော ကုန်ပစ္စည်း များနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်များ ပေးဆောင်ရန်အတွက် Deposit ငွေ လုံလုံလောက်လောက်ထားရှိသွားရန်နှင့်  အချိန်ပိုလုပ်ငန်းဆောင်ရွက်မှုအား (၈-၄-၂၀၂၂)ရက်နေ့ (၁၄:၀၀)အချိန်ထက်  နောက်မကျဘဲ   ညွှန်ကြားရေးမှူး(ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ)နှင့်    ညွှန်ကြားရေးမှူး(ကာကွယ်ရေးဌာနခွဲ)တို့ထံ လျှောက်ထားရမည် ဖြစ်ပါသည်။ 
၄။    ကုန်ပစ္စည်းများထုတ်ယူရာတွင် အခက်အခဲများရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်-
    (က)    ညွှန်ကြားရေးမှူး(ထုတ်/သွင်း)    -    ၀၉၅၀၇၅၆၅၈ 
    (ခ)    ညွှန်ကြားရေးမှူး(ကာကွယ်ရေး)    -    ၀၉၅၀၆၆၅၆၉ 
    (ဂ)    ဒုတိယညွှန်ကြားရေးမှူး(ထုတ်/သွင်း)    -    ၀၉၇၈၅၀၅၅၄၅၆ 
    (ဃ)    ဒုတိယညွှန်ကြားရေးမှူး(ကာကွယ်ရေး)    -    ၀၉၂၅၀၀၆၃၂၀၃ 
    (င)    ဒုတိယညွှန်ကြားရေးမှူး(လေဆိပ်)    -    ၀၉၂၀၃၁၆၇၁
အကောက်ခွန်ဦးစီးဌာန