ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့တွင်  အာဇာနည်နေ့ အထူးပြပွဲများအဖြစ် နှစ်စဉ် ဇူလိုင်လ (၁၉၊၂၀၊၂၁) ရက်များတွင်  ဖွင့်လှစ်ပြသခဲ့ပါသည်။ ယခုအခါ COVID-19 ရောဂါထိန်းချုပ်ရေး ကာလဖြစ်သောကြောင့်  (၇၃)နှစ်မြောက် အာဇာနည်နေ့အထူးပြပွဲများကို ပြသခြင်းမပြုတော့ဘဲ ပြတိုက်များကို ပိတ်ထားမည်ဖြစ်ပါသည်။

 

သို့ရာတွင် အများပြည်သူလေ့လာ နိုင်ရန်အတွက် Online Exhibition အဖြစ် ပြသသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အတွက် https://www.nationalmuseumyangon.gov.mm နှင့် https://www.facebook.com/nationalmuseumyangonတို့တွင်လည်းကောင်း၊ ဗိုလ်ချုပ် အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)အတွက် https://www.generalaungsanmuseum.com နှင့် https://www.facebook.com/National-Museum-Nay-Pyi-Taw-809739482451309 တို့တွင် လည်းကောင်း ကြည့်ရှုလေ့လာနိုင်ပါသည်။ ထို့ပြင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန   Website - http://www.moculture.gov.mm Facebook - MORAC-CultureNews၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဉီးစီးဌာန Facebook- Department of Archaeology and National Museum ၊ အမျိုးသားပြတိုက် (နေပြည်တော်)၏ Facebook- National Museum Nay Pyi Taw တို့တွင် (၁၆.၇.၂၀၂၀) ရက်နေ့မှစ၍ တစ်နှစ်ပတ်လုံး ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။