ကနီ ၁၁ ဇွန်
ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့်ဆက်စပ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရုံးဌာနများ၏ လုပ်ငန်းများ ပြည်သူများသိရှိနိုင်ရေးတို့အတွက် ကနီမြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) အစီအစဉ်ဖြင့် ကနီမြို့နယ် ထူးပေါက်ကျေးရွာတွင် အသိပညာပေးဟောပြောခြင်း နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဇွန် ၁၀ ရက်နေ့ညနေ(၅) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကနီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက ပြည်သူ့ဝန်ဆောင်မှုရုံး ဖွင့်လှစ်ရခြင်းအကြောင်း၊ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းအကြောင်း၊ (OSS) ရုံး၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုအောင်က သက်ငယ်မုဒိမ်းကာကွယ်ရေး၊ လူမှောင်ခိုလူကုန်ကူးမှုတားဆီးရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်း ရှင်းလင်းဟောပြောခြင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီး ဦးဗိုလ်လေးက လယ်ယာမြေနှင့်ပတ်သက်၍ ပုံစံ(၇)အကြောင်း ဆွေးနွေးဟောပြောခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမြင့်က စိုက်ပျိုးရေးအကြောင်း၊ မိုးစပါးအကြောင်းနှင့် မြေပဲစိုက်ပျိုးနည်းများ ရှင်းလင်းပြောကြားခြင်း၊ မျိုးကောင်း မျိုးသန့်နှင့် ပိုးသတ်ဆေးများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးနေအောင်က ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်စည်ပင်သာယာဥက္ကဋ္ဌ ဦးချစ်ကိုကိုကလည်း သားသတ်လိုင်စင်အကြောင်း ရှင်းပြောကြားခြင်း၊ မြို့နယ်လဝက ဦးစီးဌာနမှ လက်ထောက်ဦးစီး ဦးတင်ဝင်းက မွေးတိုးနှင့် သေစာရင်းများ အိမ်ထောင်စုဇယားတွင် ဖြည့်ပေးခြင်း၊ နုတ်ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်ပြန်/ဆက် ဦးစီးဌာနမှ မြို့နယ်ဦးစီး ဒေါ်ခင်ဝင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေး စာတတ်သူတိုင်းစာဖတ်ရေး ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဝင်းကြည်(ပြန်/ဆက်)