နေပြည်တော် ဇန်နဝါရီ ၂၉

ပေါင်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများသည်ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် ကဒုံစီး ရပ်ကွက်နေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် မော်ကွန်းဝင်တတိယအဆင့် တပ်သားချစ်လှ (အငြိမ်းစား) အသက် ၁၀၃ နှစ်အား ဂါရဝပြု ချီးမြှင့်ငွေများ သွားရောက်ပေးအပ်ကြသည်။

ဦးစွာ မြို့နယ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တပ်သားချစ်လှ (အငြိမ်းစား) အား ဂါရဝပြု နှုတ်ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ချီးမြှင့်ငွေကျပ် ၅၀,၀၀၀  မွန်ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ချီးမြှင့်ငွေကျပ် ၅၀,၀၀၀ နှင့် ပေါင်မြို့ နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ  ချီးမြှင့်ငွေကျပ် ၅၀,၀၀၀ စုစုပေါင်းငွေကျပ် ၁၅၀,၀၀၀ ကို ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂါရဝပြုချီးမြှင့်ပေးအပ်ကြကြောင်းနှင့် နှစ်စဉ်ဆက်လက်၍ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်