ညောင်ဦး   ၃  မတ်

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ယဉ်စမ်းရွာသာအေးကျေးရွာတွင် နေထိုင်လျက်ရှိသော အသက် ၁၀၄ နှစ်ရှိ အဘိုး ဦးကြီးဖြူအား ညောင်ဦးမြို့ ရွှေစေတီဆရာတော် ဦးတေဇဝံသ ဦးဆောင်လျက် စိတ်တူကိုယ်တူပရဟိတ မောင်နှမများအဖွဲ့မှ ယနေ့ နံနက်ပိုင်းက အလှူငွေ၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

mdn

 

အဘိုးဦးကြီးဖြူသည် ၁၉၁၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်တွင် ယဉ်စမ်းရွာသာအေးကျေးရွာ၌ မွေးဖွားခဲ့ကာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်၊ ခေတ်သုံးခေတ် ဖြတ်သန်းခဲ့ရသော်လည်း ယဉ်စမ်းရွာသာအေး ကျေးရွာတွင်သာ နေထိုင်ခဲ့ပြီး ယခုအခါတွင်လည်း သမီးနှစ်ယောက်၊ မြေး သုံးယောက်၊ မြစ်လေးယောက်တို့နှင့်အတူ နေထိုင်လျက်ရှိကြောင်း သိရသည်။

 

ယဉ်စမ်းရွာသာအေး ကျေးရွာသည် ညောင်ဦး-ငါ့သရောက် ကားလမ်းအတိုင်း သွားရောက်နိုင်ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)