ဩဂုတ် ၂၁
စပိန်နိုင်ငံရှိ အသက် ၁၁၇ နှစ်အရွယ်အမျိုးသမီး သေဆုံးသွားပြီးနောက် အသက် ၁၁၆ နှစ်အရွယ် ဂျပန်အမျိုးသမီးသည် ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသမီးဖြစ်လာသည်ဟု သိရသည်။ မာရီယာဘရန်ရတ်မော်ရီရာသည် ဩဂုတ်လ ၁၉ ရက်နေ့က သေဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအမျိုးသမီးသည် ၁၉၀၇ ခုနှစ်က အမေရိကန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ကလေးအရွယ်မှာပင် စပိန်နိုင်ငံသို့ပြောင်းရွှေ့ကာ ကမ္ဘာစစ်နှစ်ကြိမ်နှင့် စပိန်ပြည်တွင်းစစ်ကို ဖြတ်သန်းရင်း နေထိုင်ခဲ့သူဖြစ်သည်။ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း ကာတာလိုနီးယားဒေသရှိ ဘိုးဘွားရိပ်သာတွင် နှစ်ပေါင်း ၂၀ ခန့်နေထိုင်ခဲ့သည်။ အသက် ၁၁၃ နှစ်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားခဲ့သော်လည်း ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ နာကျင်ခံစားရမှု တစုံတရာမရှိပဲ ငြိမ်းချမ်းစွာဖြင့် အိပ်ပျော်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သူမ၏မိသားစုက လူမှုမီဒီယာတွင် ယမန်နေ့က ဖော်ပြထားသည်။
ဂျပန်နိုင်ငံအနောက်ပိုင်း ယိုဂိုစီရင်စုတွင် နေထိုင်သော အီတူကာတိုမီကိုသည် ယခုအခါ ကမ္ဘာတွင် အသက်အကြီးဆုံးပုဂိ္ဂုလ်ဖြစ်လာကြောင်း အသက်ရှည်မှုကိုလေ့လာမှုပြုလုပ်နေသောအမေရိကန်သုတေသနအုပ်စုတစ်စုက ဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို