အသက် ၂၁ နှစ် နဲ့ ဘီလီယံနာဖြစ်လာတဲ့ ကိုင်လီ ဂျန်နာ

၆ မတ်

ဖော့မဂ္ဂဇင်းရဲ့ စာရင်းအရ ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလီယံနာဖြစ်လာတဲ့ ကိုင်လီဂျန်နာဟာ ကိုယ့်အစွမ်းအစနဲ့ ဖြစ်လာတဲ့ ဘီလီယံနာ တစ်ယောက်ဖြစ်ပါတယ်။ ကိုင်လီ မိတ်ကပ်ပစ္စည်းကုမ္ပဏီပိုင်ရှင် ကိုင်လီ ဂျန်နာဟာ အသက် ၂၁ နှစ်အရွယ်မှာ ဘီလီယံနာ ဖြစ်လာတာဖြစ်ပါတယ်။

ဖေ့ဘုတ်တည်ထောင်သူ မက်ဇူကာဘတ်က အသက် ၂၃ နှစ်အရွယ်မှာ ဘီလီယံနာဖြစ်လာတဲ့အတွက် ကိုင်လီဟာ မက်ဇူကာဘတ်ထက်  နှစ်နှစ်စောပြီး ဘီလီယံနာဖြစ်လာသူဖြစ်ပါတယ်။

 

mdn

 

ကိုင်လီမိတ်ကပ်ပစ္စည်းများကို ၂၀၁၈ ခုနှစ် တစ်နှစ်တည်းမှာ  အမေရိကန်ဒေါ်လာ ၃၆၀ သန်း နီးပါး ရောင်းရခဲ့ကြောင်း သိရပါတယ်။

ကိုင်လီမိတ်ကပ်ပစ္စည်းများကို ၂၀၁၅ ခုနှစ်ကစပြီး အွန်လိုင်းကနေ နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းပုံဖော်တဲ့ပစ္စည်းပါဝင်တဲ့ အစုံလိုက်ထည့်ထားတဲ့ ဘူးတစ်ဘူးကို အမေရိကန် ဒေါ်လာ ၂၉ နဲ့ ရောင်းချခဲ့ပါတယ်။

ကိုင်လီကုမ္ပဏီရဲ့ ၁၀ဝ ရာခိုင်နှုန်းလုံးကို ကိုင်လီက ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ ကိုင်လီမှာ တစ်နှစ်အရွယ် သမီးတစ်ဦးရှိပါတယ်။

MDN

 

mdn