ရန်ကုန် မေ

 

COVID-19 ရောဂါ ကုသကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီလှူဒါန်းနေသည့် ဧရာဝတီဖောင်ဒေးရှင်းသည် အသက် ၆၀ နှစ်အထက် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများ နေထိုင်စားသောက်မှု အဆင်ပြေစေရန်အတွက် ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်၊ Max Myanmar နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ အကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် လက်ရှိဘောလုံးသမားများ တက်ရောက်ခဲ့သည်။

 

လက်ရွေးစင်ဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများအတွက် ထောက်ပံ့ငွေနှင့် ဆန်အိတ်များကို ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင်နှင့် ဘောလုံးသမားဟောင်းများ၊ ဒိုင်လူကြီးဟောင်းများက လက်ခံရယူကြသည်။ ဧရာဝတီဖောင်ဒေးရှင်းသည် လက်ရွေးစင်ဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်တစ်သိန်းစီနှင့် ကီလို ဆန်နှစ်အိတ်စီ ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး မေ ရက်မှစတင်ကာ ဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများ၏ နေအိမ်များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။ ထို့ပြင် နယ်မြို့များတွင် နေထိုင်သည့် ဘောလုံးသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများကိုမူ ထောက်ပံ့ငွေများကို AYA Bank မှဟစ်ဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီဖောင်ဒေးရှင်းသည် အသက်း ၆၀ နှစ်အထက် လက်ရွေးစင်ဘောလုံးသမားဟောင်း ၁၇၀ ဦး၊ ဒိုင်လူကြီးဟောင်း ၃၈ ဦး၊ စုစုပေါင်း ၂၀၈ ဦးအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးလုပ်ငန်းစဉ်များတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး ငွေကြေးနှင့် ဆေးဝါးများ၊ ကုသရေးစက်ပစ္စည်းများ၊ ဆန်နှင့် ထောက်ပံ့ပစ္စည်းများ၊ အခြားလိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆေးရုံကြီးများနှင့် အကူအညီလိုအပ်သည့် နေရာဒေသအသီးသီးသို့ လှူဒါန်းလျက်ရှိကာ မေ ရက်အထိ ကျပ်သိန်းပေါင်း ၁၇၀၀၀ ဝန်းကျင် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ဖိုးသော်ဇင်