နေပြည်တော် ဇန်နဝါရီ   ၂၄

 

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်း ဟောင်းကြီးကြပ်ရေး အဖွဲ့များသည် သက်ဆိုင်ရာ နယ်မြေအလိုက် အသက် ၇၅ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များကို အခမ်းအနားဖြင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့သည် အသက် ၇၅ နှစ်ပြည့်၊ အသက် ၈၀ ပြည့်၊ အသက် ၈၅ နှစ်ပြည့်၊ အသက် ၉၀ ပြည့်နှင့် အသက် ၉၅ နှစ်ပြည့် အဖွဲ့ဝင် ၂၉၂၇ ဦးကို တစ်ဦးလျှင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၄၆ ဒသမ ၃၅ သန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် နှစ်စဉ် အသက်အပိုင်းအခြား အလိုက် ပြည့်မြောက် လာသူများကို တစ်ကြိမ်စီ ချီးမြှင့်ပေးအပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)