တိုကျို ဇွန် ၄
ဂျပန်အဘိုးအိုတစ်ဦးက ပစိဖိတ်သမုဒ္ဒရာကို မရပ်မနားဘဲ တစ်ဦးတည်းရွက်လွှင့်သည့် အသက်အကြီးဆုံးလူသားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။
အသက် ၈၃ နှစ်ရှိသည့် ဂျပန်နိုင်ငံသား ဟိုရီကီနီချိသည် ပစိဖိတ်သမုဒ္ဒရာကို ရွက်လှေဖြင့် မရပ်မနားဘဲ တစ်ကိုယ်တည်း ရွက်လွှင့်ခဲ့ပြီး ဇွန် ၄ ရက် နံနက် ၂ နာရီ ၃၉ မိနစ်တွင် ဝါကာယာမာ ပြည်နယ်နှင့် တိုကူရှီမာ ပြည်နယ်အကြားရှိ ကီရေလက်ကြား အပြီးသတ်စည်းမျဉ်းကို ဖြတ်ကျော်နိုင်ခဲ့ကြောင်းသိရသည်။
မတ်လနှောင်းပိုင်းတွင် အမေရိကန်အနောက်ကမ်းရိုးတန်း ရှိ ဆန်ဖရန်စစ္စကိုမြို့သို့ ထွက်ခွာပြီး ၎င်း၏ ပစိဖိတ်သမုဒ္ဒရာ ဖြတ်သန်းသည့်ခရီးစဉ်ကို စတင်ခဲ့ကြောင်း သိရသည်။
၎င်း၏ ၆၉ ရက်ကြာ ရွက်လွှင့်ခရီးစဉ်သည် ၈၅၀၀ ကီလို မီတာ ဝန်းကျင်ကွာဝေးသည်။ ဟိုရီကီနီချိသည် ယခင်စံချိန်တင် ထားသူထက် အသက် ၁၀ နှစ်ကျော် ပိုမိုကြီးကြောင်း သိရသည်။
လွန်ခဲ့သော ခြောက်နှစ်ကလည်း ဂျပန်နိုင်ငံမှ ဆန်ဖရန်စစ္စကိုမြို့သို့ ရွက်လွှင့်သွားခဲ့ပြီး မည်သည့်ဆိပ်ကမ်းတွင်မှ ရပ်နားခြင်းမရှိဘဲခရီးနှင်သည့် ပထမဆုံးသောရွက်လွှင့်သူအဖြစ် စံချိန်တင်ခဲ့သည်။
ရိုဂိုခရိုင်ရှိ နီရှီနိုမီယာဆိပ်ကမ်း၌ ဟိုရီကီနီချိသည် ရွက်လှေကိုသိမ်းဆည်းရန် ကမ်းစပ်သို့ ဆွဲတင်နေသည့် မှတ်တမ်းတင်ဓာတ်ပုံကို အင်တာနက်စာမျက်နှာများတွင် တွေ့မြင်နိုင်သည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်