ပုသိမ်  ၂၀  ဇွန်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဇွန် ၂၀ ရက် နံနက် ၉ နာရီက လူမှုဝန်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ဧရာဝတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ပုသိမ်မြို့ အမှတ်(၂) ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထပ်ဘိုးဘွားများအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ်လူမှုရေးပင်စင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလထပ်ဆောင်းထောက်ပံ့ငွ ပေးအပ်ခြင်းကို တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာ ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါ ဦးစီးပြီး ဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနှင့်အဖွဲ့ဝင်များသည် အသက် ၈၅ နှစ်အထပ်ဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အသက်(၈၅)နှစ်အထပ်ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်(၃)လ အတွက် ၃၀၀၀၀ ကျပ်နှင့် ကိုဗစ်-၁၉ ကာလ ထပ်ဆောင်းထောက်ပံ့ငွေ(၃၀၀၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၀၀၀၀ တို့ ဘိုးဘွားများထံ အိမ်အရောက် အမှတ်(၂)ရပ်ကွက်ရှိ ဘိုးဘွား(၁၄၂) ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အလားတူ ပုသိမ်မြို့ပေါ်ရှိရပ်ကွက်(၁၅)ခုအတွင်း အသက်(၈၅)နှစ်နဲ့အထပ်ဘိုးဘွားများ ၁၅၃၂ ဦး တို့ကို လူမှုဝန်ထမ်း ဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ အဖွဲ့များခွဲပြီး ထောက်ပံ့ ပေးအပ်ခဲ့ကြကာ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံး အနေဖြစ်ဘိုးဘွား(၂၇၁၇၅)ဦးရှိကြောင်း သိရသည်။

မင်းထွန်းဇော်(၁၂၆)