ပုလော စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုး/ဘွား ၆၇၂ ဦးကို လူမှုရေးပင်စင်များ ထောက်ပံ့ပေးနိုင်ရေးအတွက် မြိတ်ခရိုင် လူမှု၀န်ထမ်းဦးစီးဌာနမှ တာ၀န်ရှိသူများက စက်တင်ဘာ ၇ ရက်  မွန်းလွဲ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပုလောမြို့နယ်တွင် ရပ်ကွက် (၁၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇) အုပ်စု၊ ကျေးရွာပေါင်း (၁၆၃) ရွာရှိပြီး အဆိုပါ ရပ်ကွက်/ကျေးရွာများရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုး/ဘွား (၆၇၂) ဦးကို ၂၀၂၀၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဧပြီ၊ မေ၊ ဇွန်လအတွက် တစ်လလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် သုံးလအတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်စီ စုစုပေါင်း ငွေကျပ် ၂၀၁၆၀၀၀၀ ကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှတစ်ဆင့် ထောက်ပံ့နိုင်ရေး ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်ထွေ/အုပ်ရုံးမှ သိရသည်။

 

အေးအေးမော် (ပုလော)