လေရှီး ၄ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ပေါ်ရှိ မြို့မရပ်ကွက်နှင့် အမှုထမ်း ရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားလေးဦးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးဘိုးဘွားများကို ယနေ့နံနက်က အိမ်တိုင်ရောက် လူမှုရေးပင်စင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အသက် ၈၅ နှစ်နှင့်အထက်သက်ကြီး ဘိုးဘွားများကို လေရှီးမြို့နယ် လူမှုဝန်ထမ်းဦးစီးမှူး ဦးလှဆိုင်းနှင့်ရုံးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းတို့ပူးပေါင်းလျက် ထောက်ပံ့ပေးခဲ့သည်။ လူမှုရေးပင်စင်ထောက်ပံ့ရန် ကျန်ရှိနေသည့် ဆွမ္မရာမြို့၊ ဖွန်သရက်ကျေးရွာ၊ ပန်ဆပ်၊ ရန်နွေးစသည့်ကျေးရွာများကိုလည်း ဆက်လက်ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


