၁ စက်တင်ဘာ
ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက အသက်ရှုကျပ်ခြင်းနှင့် အပူလျှပ်ခြင်းတို့ကို ညွှန်းဆိုကာ အသက် နှစ်နှစ်အောက် ကလေးငယ်များ နှာခေါင်းစည်း မဝတ်ဆင်သင့်ကြောင်း ပြောကြားသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို ကာကွယ်ရန် မူကြိုကလေးများ နှာခေါင်းစည်း အသုံးပြုရန် လမ်းညွှန်ချက်များကို သောကြာနေ့က ထိုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အုပ်ထိန်းသူများနှင့် လူကြီးများသည် ကလေးငယ်များ နှာခေါင်းစည်း ဝတ်ဆင်ထားချိန်တွင် ၎င်းတို့၏ ကျန်းမာရေး အခြေအနေကို အထူးဂရုပြုသင့်သည်ဟု ဆိုသည်။
အသက်နှစ်နှစ်အောက် ကလေးငယ်များ နှာခေါင်းစည်း မဝတ်ဆင်သင့်ကြောင်းနှင့် ယင်းကလေးငယ်များ အနေဖြင့် ၎င်းတို့ကိုယ်တိုင် နှာခေါင်းစည်း ချွတ်ရန် အခက်အခဲရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။
ဩဂုတ်လ အစောပိုင်းက ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အသက်ငါးနှစ်အောက် ကလေးငယ်များ နှာခေါင်းစည်း ဝတ်ဆင်ရန် မလိုအပ်ကြောင်း လမ်းညွှန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မေလနှင့်ဇွန်လက ဂျပန်ကလေးနှင့် ပတ်သက်သော ဆေးပညာ အဖွဲ့အစည်းနှင့် အခြားသော အုပ်စုများက အသက်နှစ်နှစ်အောက်ရှိသော ကလေးငယ်များ နှာခေါင်းစည်း ဝတ်ဆင်ပါက အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို