မြဝတီ၊   ၂၁   ဇန်နဝါရီ

 

အသက်(၁၀ဝ)နှစ်နှင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ပေးအပ်ခြင်းကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ဇန်နဝါရီ  ၂၁ ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင်   မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုး ဇော်ကိုကိုက အဖွင့်အမှာစကားပြောပြီး  မြဝတီခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က အသက် (၁၀ဝ) နှစ်နှင့် (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မြဝတီမြို့နယ်အတွင်းရှိ   အသက်(၁၀ဝ)နှစ်နှင့်အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ၂၇၁ ဦးအတွက်  လူမှုရေးပင်စင်ကို မြဝတီခရိုင်လူမှုဝန်ထမ်းရုံးမှ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)စုစုပေါင်း (၃)လစာအတွက် တစ်ဦးလျှင် သုံးသောင်း ကျပ်နှုန်းဖြင့်  စုစုပေါင်းငွေကျပ်  ၈၁၃၀ဝ၀ဝ ကို သက်ဆိုင်ရာ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

             

မန်းသန်းရွှေမြင့်