ညောင်လေးပင် နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြိုနယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေး ဆက်လက်ထိုးနှံပေးခြင်းကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက် (၈)နာရီကစ၍ ညောင်လေးပင်မြို့ မြိုမ(၁)ရပ်ကွက်ရှိ မဟာတိလောကသယမ္ဘူ ဘုရားကြီး စောင်းတန်း၌ ထိုးနှံပေးခဲ့ကြသည်။

ညောင်လေးပင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူ ၈၀၀၀  ကျော်ရှိကာ ယနေ့‌ ရရှိသောဆေးခွဲတန်းအရ ညောင်လေးပင်မြို့တွင်  အထက(ခွဲ) ညောင်လေးပင်မှ ၃၃၆ ဦး ၊ အထက(ခွဲ) ပန်းတင်မှ ၈၆ ဦး၊  အလက (ခွဲ) တပ်မတော်ရပ်မှ ၃၇ ဦး၊ အလက ဇီးဖြူခင် မှ ၃၄ ဦး၊ အလက အင်းကျိုက်မှ ၉၆ ဦး၊ အလက အရှေ့ဇီးကန် မှ ၂၂ ဦး၊ အလက ကြံဘို မှ ၁၂ ဦး၊  အလက ကြာအင်းကြီးမှ ၇၇ ဦး၊ ညောင်လေးပင်၊ပြွန်တန်ဆာ၊ ပိန်းဇလုပ်၊မဒေါက်မြို့နယ်မှ ကျောင်းသား ကျောင်းသူများအပါအဝင် ကျောင်းသားကျောင်းသူ(၁၅၀၀)  အား ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ကျောင်းသားကျောင်းသူများလည်း ဆေးရောက်ရှိမှု ပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)