လယ်ဝေး စက်တင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်မှ (၆၄)နှစ်ကြား သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါ ခံစားနေရသူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တိုက်နယ်ဆေးရုံများ၊ ကျေးရွာကျန်းမာရေး ဌာနများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစင်တာများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေး မထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

လယ်ဝေးမြို့နယ်အနေဖြင့် အသက်(၅၅)နှစ်မှ (၆၄)နှစ်ကြား သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ မသန်စွမ်းသူများနှင့် ဦးစားပေးအုပ်စုတွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူ (၂၃၆၆၄)ဦးခန့်အား ပထမအကြိမ်အဖြစ် စက်တင်ဘာ (၁၆)ရက်မှ အောက်တိုဘာ (၁၁)ရက်နေ့အထိ သတ်မှတ်ရက်များအတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)