မိုင်းယု ၁၄  မတ် 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် မြို့ပေါ်နှင့် ကျေးလက်နေ အသက်(၆၀) နှစ်အထက် သက်ကြီးဘိုးဘွားများ ရောဂါဘယကင်းဝေးပြီး ကျန်းမာကြံ့ခိုင်စေရန် အခမဲ့ကျန်းမာရေးစောင့်ရှောက် ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မိုင်းယုပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဆေးကုသပေးမှုတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်နယ် ဆရာဝန် ဒေါက်တာ အောင်အောင် ဝင်းထွဋ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်နှင့် ကျေးလက်နေ အသက် ၆၀နှစ်အထက် သက်ကြီးဘိုးဘွားများကို ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ အထွေထွေရောဂါဝေဒနာ ပေါင်းစုံအား စမ်းသပ်ပေးခြင်း၊ ကုသပေးခြင်းနှင့် လိုအပ်သောဆေးဝါးများ အခမဲ့ဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်းများကို တစ်ပတ်လျင်တစ်ကြိမ်ဖြင့် ပြည်သူ့ဆေးရုံ၌် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက စတင် အခမဲ့ဆေးကုသပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 


ကိုကိုနိုင်(ပြန်/ဆက်)

 

aa