လှိုင်းဘွဲ ၂၅ ဇန်နဝါရီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် အသက်(၈၅)နှစ်အထက် အဘိုး/ဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက် ကလေးငယ်များအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ငွေကြေးထောက်ပံ့ပေးခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်နေ့က ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးစောချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး အဘိုး/အဘွား(၅၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၅၃၀ဝ၀ဝ)၊ကိုယ်ဝန်ဆောင် မိခင်(၉၄)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၁၉၉)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၃၁၈၅၀ဝ၀)ကို ကရင်ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးစောချစ်ခင်က ရွှေဂွန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် အသီးသီးပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးစောချစ်ခင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကိုယ်ဝန်ဆောင် မိခင်များအား တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)