ကျော ၁၅ မတ်

 

နိုင်ငံတော်မှ အသက် (၈၅)နှစ်ပြည့်ပြီးဖြစ်သည့် အဘိုး၊ အဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ ဂန့်ဂေါခရိုင် ကျောမြို့ရှိ အဘိုး၊ အဘွားများထံ ယမန်နေ့က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ကာ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ထိုသို့ပေးအပ်ရာတွင် ကျောမြို့ အုပ်ချုပ်ရေးမှူး ဦးမြတ်ဌေးဦး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်လဲ့ရည်၊ ကျောမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတို့က အမှတ်(၁)၊ အမှတ် (၂)၊ အမှတ် (၃)တို့မှ အဘိုး၊ အဘွားများအား လူမှုရေးပင်စင် တစ်လအတွက် ကျပ်တစ်သောင်းနှုန်းဖြင့် အဘိုး၊ အဘွား ၆ ဦးတို့ထံ သွားရောက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်သားမောင်သန်း (ပြန်/ဆက်)