ဖောင်းပြင် ၂၃ ဒီဇင်ဘာ
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းကို ဒီဇင်ဘာ ၂၀ ရက်က ဖောင်းပြင်မြို့နယ် စန္ဒားကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းသို့ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီစော၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဝင်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်ထောက်ကူပစ္စည်းများကို တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

သင်တန်းကို ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိကာ မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်ပြီး အဆင့်မြင့်စက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသူ ၁၅ ဦးအား သင်တန်းနည်းပြ ဆရာမသုံးဦးဖြင့် ကြီးကြပ် သင်ကြား ပို့ချလျက်ရှိပြီး သင်တန်းကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)