ကနီ ၁၁ မတ်  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကနီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ (၃)နာရီက ကနီမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

85

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးရွှင်ဌေးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးသိုက်စိုးထွန်းတို့က အဖွင့်အမှာစကား ပြောကြားကြပြီး ကနီမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးဗိုလ်ဆန်းက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းသား(၁၂)ဉီး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ် ( ၁၀ )ရက်မှ ဧပြီ ( ၉ )ရက် အထိ(၁ ) လဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

 

ခင်ဝင်းကြည်(ပြန်/ဆက်)