ညောင်တုန်း ဇွန် ၃

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်အတွင်း မအူပင်အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ပူပေါင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်ပွဲကို ဇွန် ၂  ရက် နံနက်(၁၀)နာရီက ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ချောင်းဖျား ကျေးရွာ ဘုန်တော်ကြီးကျောင်း၌  ကျင်းပခဲ့ကြောင်း သိရသည်။

     

အခမ်းအနားတွင် ညောင်တုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထက်အောင်မှ ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးစေပြီး အလုပ်အကိုင် ရရှိစေရေးအတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသော အတတ်ပညာများကို သင်ယူပြီး မိမိတို့ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး မိသားစုစီးပွားရေးကို အထောက်အပံ့ပေးနိုင်အောင် ကြိုးစားသွားကြရန်ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးနေထွန်းမှ သင်တန်းတွင်သင်ကြားပို့ချမည့် သင်ခန်းစာများအား ရှင်းလင်းပြောကြားခဲ့သည်။

        

အဆိုပါသင်တန်းကို မြို့နယ်တွင်းရှိ ကျေးရွာ (၅)ရွာမှ သင်တန်းသား၊ သင်တန်းသူ(၃၀) တက်ရောက် လျက်ရှိပြီး သင်တန်းကာလမှာ ဇွန်လ ၂ရက်မှ ဇူလိုင်လ ၁ရက်ထိ (၁)လကြာ ကျွမ်းကျင်သင်တန်း နည်းပြများမှ အခြေခံလျှပ်စစ်ပညာ၊ Electrician Hand Tool များအား စနစ်တကျအသုံးပြုနည်း၊ multimeter အသုံးပြုနည်း၊ Wire/Cable အမျိုးအစားခွဲခြားနည်း၊ လျှပ်စစ်ဝါယာကြိုး အချင်းချင်းဆက်နည်း နည်းအမျိုးမျိုးအားပြုလုပ်ခြင်း၊ အိမ်တွင်းလျှပ်စစ်မီးခုံများပြုလုပ်နည်း၊ လျှပ်စစ်မီတာများအကြောင်း လေ့လာခြင်း၊ လျှပ်စစ်ပတ်လမ်းများကြောင်းလေ့လာခြင်း စသည့်သင်ခန်းစာများအား စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါသည်။

 

တေဇာလင်း