ဝါးခယ်မ ၇ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် လမ်းသမိုင်ရွာလေးကျေးရွာရှိ ဒေသခံပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။
တစ်နိုင်တစ်ပိုင် လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအလိုက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာပြုလုပ်နည်း သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးကျော်မျိုးသူက သင်တန်းဖွင့်လှစ်သင်ကြားပေးမည့် လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းပြောကြားပေးသည်။
မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ကျေးရွာများ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ ဆပ်ပြာပြုလုပ်နည်းသင်တန်းကို ဇန်နဝါရီ ၇ ရက်မှ ဇန်နဝါရီ ၁၃ ရက်နေ့အထိ စာတွေ့ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၄၀ တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)
