အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်နည်းပညာအခြေခံနှင့် အဆင့်မြင့် (၂) လ သင်တန်း ဖွင့်လှစ်

မန္တလေး  ၁၄  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအမျိုးသမီးကော်မတီ၊ ဆောင်းဒါးရက်ကန်းအသက်မွေးပညာသိ်ပ္ပံနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနတို့ပူးပေါင်ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်နည်းပညာအခြေခံနှင့် အဆင့်မြှင့်(၂)လ သင်တန်း ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အမရပူရမြို့နယ်ရှိအဆိုပါ ဆောင်းဒါးရက်ကန်း အသက်မွေးပညာ သိ်ပ္ပံကျောင်း သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင်ဝန်ကြီးချုပ်၏ဇနီး အမျိုးသမီးကော်မတီနာယကနှင့်ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အဆိုပါ သိပ္ပံကျောင်းရှိ စက်ချုပ် ပညာဌာနအတွင်း စက်ချုပ်နေကြသည့် သင်တန်းသူများနှင့်ဆေးရေးပန်းချီသင်တန်းပို့ချပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 

အဆိုပါ စက်ချုပ်နည်းပညာ အခြေခံနဲ့အဆင့်မြှင့် (၂)လသင်တန်းသို့ အမရပူရ၊ပြင်ဦးလွင်၊မိုးကုတ်၊ သပိတ် ကျင်း၊ မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦးနှင့်ပုသိမ်ကြီးမြို့နယ်တို့မှ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)