ဒဂုံ  ၁၉  နိုဝင်ဘာ

 

အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပလတ်စတစ် လက်ဆွဲခြင်းပြုလုပ်နည်း သင်တန်းကို  ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်  ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ဖွင့်လှစ် သင်ကြားခဲ့သည်။

 

သင်တန်းတွင် သာကေတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူး နည်းပြဆရာမ ဒေါ်စန်းစန်းနွဲ့က ပညာဒါနဖြင့် သင်ကြားပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသူများ သိရှိနားလည်စေရန် လက်ဆွဲခြင်း ပြုလုပ်ရာတွင် သိသင့်သိထိုက်သည့် အချက်များကို  လက်တွေ့သင်ကြား ပြသ ပေးခဲ့သည်။

 

အဆိုပါ သင်တန်းတွင် သင်တန်းသူ (၁၅)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကို နိုဝင်ဘာ ၁၉ ရက်မှ ၂၀ ရက်နေ့ထိ (၂)ရက်တာ သင်ကြားပို့ချပေးမည် ဖြစ်သည်။

 

အဆိုပါ သင်တန်းကို ဒဂုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ် လူမှုအသင်းအဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)