မင်းလှ ၁ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်ရည်ရွယ်၍ "သဘာဝခေါင်းလျှော်ရည်နှင့် ဆပ်ပြာထုတ်လုပ်နည်းသင်တန်း"ကို ယနေ့နံနက် ၉ နာရီ က မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

 

အခမ်းအနားတွင် မင်းလှမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်းက အမှာစကားပြောကြားပြီး ဆက်လက်၍ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဘဝရပ်တည်မှုများ ပိုမိုခိုင်မာလာစေရန်အတွက် ယခုလို သက်မွေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးမည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားသည်။

 

mdn

 

အဆိုပါသင်တန်းဖွင့်ပွဲသို့ မင်းလှမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကို၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိနှင့် ဝန်ထမ်းများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူ ၂၈ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၁၅ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ(စလင်း)