စဉ့်ကိုင် ၂၅ ဇွန်
ကျောက်ဆည်ခရိုင်၊ စဉ်ကိုင်မြို့နယ်အတွင်းရှိအသက် (၈၅) နှစ်အထက်အဘိုးအဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ကူးစက်ရောဖြစ်ပွားနေသည့်ကာလ ထပ်ဆောင်းထောက်ပံငွေများကို ယနေ့နံနက်(၁၀)နာရီ အချိန်မှ စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ သက်ကြီး ဘိုးဘွားတစ်ဦးချင်းအလိုက် အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ငွေများအား ထပ်ဆင့်ပေးအပ်လှူဒါန်းရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ထွန်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချူပ်ရေးမှူးများက ပူးပေါင်း၍ ကျေးရွာအလိုက်ခွဲ၍ ထောက်ပံပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အသက်(၈၅)နှစ်ထက် ဘိုးဘွားများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန်လများအတွက် နိုင်ငံတော်မှ ကျန်းမာရေး စောက်ရှောက်မှုအနေဖြင့် တစ်ဉီးလျှင် တတိယသုံးလပတ်အတွက် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ ကို လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့တို့က ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလထပ်ဆောင်း ထောက်ပံ့ငွေ ၃၀ဝ၀ဝ ကျပ်စုစုပေါင်း ၆၀ဝ၀ဝ ကျပ်ကို မြို့ပေါ်ရပ်ကွက် (၅)ရက်ကွက်၊ ကျေးရွာအုပ်စု(၄၈)အုပ်စု၊ ကျေးရွာပေါင်း (၁၆၃) ရွာမှသက်ကြီး ဘိုးဘွား စုစုပေါင်း(၆၁၃)ဉီးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)


