ပခုက္ကူ ၄  ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊  ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးနှင့်  တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပလပ်စတစ်ခြင်း ရက်လုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပခုက္ကူမြို့နယ်၊  ရေလာလေးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ရှေးဦးစွာ ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးနှင့်  တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နှစ်စဉ်ဘဏ္ဍာငွေများ လျာထားပြီး ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြသည့် သင်တန်းသူများအနေဖြင့် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်သင်ယူကြစေလိုကြောင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ ပခုက္ကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမှာစကားများ ပြောကြားကြသည်။

 

ထို့နောက် သင်တန်းနည်းပြ ဒေါ်လှဆင့်က သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

 

mdn

 

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပလပ်စတစ်ခြင်း ရက်လုပ်ခြင်းသင်တန်းကို ပခုက္ကူမြို့နယ် အတွင်းရှိ ရေလာလေးကျေးရွာမှ သင်တန်းသူ ၂၀ ဖြင့် ဒီဇင်ဘာလ (၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၁၅)ရက်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

ကျော်ဦး