နေပြည်တော် အောက်တိုဘာ ၁၆

 

ပြည်ထောင်စုနယ်မြေ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးလက်မှုအခြေခံသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ နာရီက ပျဉ်းမနားမြိုနယ် ငါးတဲစု ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်အောင်က သင်တန်းဆင်း အမှာစကားပြောကြားသည်။

 

ထို့နောက် သင်တန်းနည်းပြက သင်တန်းတွင် ပို့ချခဲ့သော သင်ခန်းစာများအား လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ် အကျိုးရှိစွာအသုံးချကြစေလိုကြောင်း ပြောကြားပြီး သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးလက်မှုအခြေခံသင်တန်းကို ပျဉ်းမနားမြို့နယ်၊ ငါးတဲစု  ကျေးရွာစိတ်ပါဝင်စားသူ သင်တန်းသား သင်တန်းသူ (၂၀)ဦးအား ဝါးဖြင့် စကော၊ စကာ၊ ခြင်းတောင်း ပြုလုပ်နည်းနှင့်  ဝါးကပ်ရပ်ပြုလုပ်နည်းများကို (၁၂)ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ ကြောင်း သိရသည်။      

သန်းလွင်(မကွေး)